မင်းသား Will Smith ဘာလို့စင်ပေါ်တက်ပြီး ပါးရိုက်တာလဲ

ဒီမနက် ကျင်းပတဲ့ (အမေဒိကားမှာတော့ မနေ့ညကပေါ့) ၂၀၂၂ အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ဟာသသရုပ်ဆောင် Chris Rock ကို မင်းသား Will Smithက စင်ပေါ်တက်ပြီး ပါးရိုက်ချလိုက်တဲ့ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ် ဘာဖြစ်လို့ အဲ့လို လူပုံအလယ် ပွဲကြည့်ရှုသူ သန်းပေါင်းများစွာရှေ့ လက်တုန့်ပြန်ရတာလဲလို့ စပ်စုကြည့်မိတော့ Will Smith ရဲ့ ဇနီးဖြစ်သူ Jada Pinkett နဲ့ ပါတ်သက်ပြီး အစီအစဉ်တင်ဆက်သူ ခရစ္စရော့ခ့်က ပြက်လုံးတစ်ခုနဲ့ စနောက်လိုက်မိလို့ပါ သူ့ဟာသက "ဝီလ်စမစ် ဇနီးဟာ တကယ်လို့ G.I Jane ဆိုတဲ့ စစ်သမီး ဇာတ်ကား အပိုင်းနှစ်ရိုက်ကူးရင် ပါရမှာ ကျိန်းသေတယ် ဘာလို့လဲဆိုတော့ ကတုံးတုံးထားလို့" ဆိုပြီး အရွှန်းဖောက်လိုက်တာကို ဝီလ်စမစ်က စိတ်ဆိုးလွန်းလို့ စင်ပေါ်ထိတက်ပြီး ခရစ္စမျက်နှာကို ရိုက်ချလိုက်တာဖြစ်ပါတယ် ဟာသပြက်လုံး တစ်ခုကြောင့် အဲ့လောက် စိတ်ဆိုးဒေါသထွက်ရမလားလို့ မမြင်ကြပါနဲ့ တကယ်တော့ ဝီလ်စမစ်ရဲ့ ဇနီးဟာ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်တဲ့ ဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဒါဟာ Auto-immune disorder လို့ ခေါ်တဲ့ ခုခံအားချို့ယွင်းတဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်တယ်ဆိုတာကို မနှစ်ထဲက ပရိသတ်ကို ဖွင...