မင်းသား Will Smith ဘာလို့စင်ပေါ်တက်ပြီး ပါးရိုက်တာလဲ
ဒီမနက် ကျင်းပတဲ့ (အမေဒိကားမှာတော့ မနေ့ညကပေါ့)
၂၀၂၂ အော်စကာဆုပေးပွဲမှာ
အစီအစဉ်တင်ဆက်သူ
ဟာသသရုပ်ဆောင် Chris Rock ကို
မင်းသား Will Smithက
စင်ပေါ်တက်ပြီး ပါးရိုက်ချလိုက်တဲ့
ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်
ဘာဖြစ်လို့ အဲ့လို လူပုံအလယ်
ပွဲကြည့်ရှုသူ သန်းပေါင်းများစွာရှေ့
လက်တုန့်ပြန်ရတာလဲလို့
စပ်စုကြည့်မိတော့ Will Smith ရဲ့
ဇနီးဖြစ်သူ Jada Pinkett နဲ့
ပါတ်သက်ပြီး အစီအစဉ်တင်ဆက်သူ
ခရစ္စရော့ခ့်က ပြက်လုံးတစ်ခုနဲ့
စနောက်လိုက်မိလို့ပါ
သူ့ဟာသက
"ဝီလ်စမစ် ဇနီးဟာ
တကယ်လို့ G.I Jane ဆိုတဲ့
စစ်သမီး ဇာတ်ကား အပိုင်းနှစ်ရိုက်ကူးရင်
ပါရမှာ ကျိန်းသေတယ်
ဘာလို့လဲဆိုတော့
ကတုံးတုံးထားလို့" ဆိုပြီး
အရွှန်းဖောက်လိုက်တာကို
ဝီလ်စမစ်က စိတ်ဆိုးလွန်းလို့
စင်ပေါ်ထိတက်ပြီး ခရစ္စမျက်နှာကို
ရိုက်ချလိုက်တာဖြစ်ပါတယ်
ဟာသပြက်လုံး တစ်ခုကြောင့်
အဲ့လောက် စိတ်ဆိုးဒေါသထွက်ရမလားလို့
မမြင်ကြပါနဲ့
တကယ်တော့ ဝီလ်စမစ်ရဲ့ ဇနီးဟာ
Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်တဲ့
ဝေဒနာကို ခံစားနေရတာဖြစ်ပြီး
ဒါဟာ Auto-immune disorder လို့
ခေါ်တဲ့ ခုခံအားချို့ယွင်းတဲ့
ရောဂါတစ်မျိုးကြောင့်
ဖြစ်တယ်ဆိုတာကို မနှစ်ထဲက
ပရိသတ်ကို ဖွင့်ဟ အသိပေးထားတာပါ
ဒီတော့ အစီအစဉ်တင်ဆက်သူရဲ့
ဟာသဟာ မင်းသမီးတစ်ယောက်ရဲ့
ရောဂါကြောင့် ရုပ်ဆင်းအင်္ဂါ
ချို့ယွင်းမှုကို အကြောင်းရှာ
စနောက်သလို ဖြစ်သွားပြီး
အားနည်းချက်ကို ထိပါးစော်ကားတဲ့
ပြက်လုံးတစ်ခုမို့ ဝီလ်စမစ်တစ်ယောက်
သည်းမခံနိုင်ပေါက်ကွဲသွားရခြင်း
ဖြစ်ပါတယ်
ဒီပြက်လုံးကို အော်စကာပွဲခင်းထဲက
ပရိသတ်တချို့ရယ်မောပေမယ့်
ဝီလ်စမစ်ရော၊ ပွဲခင်းထဲရှိတဲ့
သူ့ဇနီးရော မရယ်မောခဲ့ကြပါဘူး
ပါးရိုက်ပြီး ကိုယ့်နေရာ
လာပြန်ထိုင်တဲ့ ဝီလ်စမစ်က
ခရစ္စကို မင်းပါးစပ်ပိတ်ထားတော့လို့
သူ့ခုံကနေ လှမ်းအော်ပြောခဲ့ပါသေးတယ်
ဒီနှစ် အော်စကာ ခေါင်းဆောင်မင်းသားဆုကို ဝီလ်စမစ်ပဲ ရတာပါ
G.I Jane ဇာတ်ကားက ၁၉၉၇ ခုနှစ်က
ဇာတ်ကားဖြစ်ပြီး ဒမ်မီမိုးက
စစ်သမီးအဖြစ် ကတုံးဆံပင်နဲ့
ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်
သင်ခန်းစာကတော့
လူတစ်ဖက်သားရဲ့
အားနည်းချက်ချို့ယွင်းချက်ကို
ဟာသတစ်ခုအဖြစ် စနောက်ခြင်းဟာ
နှိမ်ချစော်ကားခြင်းအဆင့်ထိ
ရောက်သွားနိုင်တယ်ဆိုတာပါပဲ
လူယဉ်ကျေးများဖြစ်ကြပါစေ
နိုင်ငံကြီးသားများ ပီသကြပါစေ
💕
Crd #မိုးနီလွင်
Comments
Post a Comment